International News

ဟောင်ကောင်ဒေသ၌ နေထိုင်သူများ အမေရိကန်ဒေါ်လာများအား အလောတကြီး လဲလှယ်မှုများကြောင့် အမေရိကန်ဒေါ်လာများ ဘဏ်များ၌ ပြတ်လပ်သွားခြင်း

Last Updated:

ဟောင်ကောင်ဒေသ၌ အမျိုးသားလုံခြုံရေးဥပဒေပြဌာန်းမှုကြောင့်  အမေရိကန်နိုင်ငံမှ ဟောင်ကောင်ဒေသအား အထူးကုန်သွယ်ခွင့် အခွင့်အရေးများရပ်ဆိုင်းလျှင် ဟောင်ကောင် ဒေါ်လာငွေကြေးကျဆင်းမည်ကို စိုးရိမ်လျက်ရှိရာ အမေရိကန်ဒေါ်လာများ အလောတကြီးဝယ်ယူမှုများ ရုတ်တရက်မြင့်တက်လာပြီး ဟောင်ကောင် ဒေသရှိ ဘဏ်များ၌ အမေရိကန်ဒေါ်လာများပြတ်လပ် သွားကြောင်း၊ ဟောင်ကောင်ဒေသ၌ အမေရိကန်ဒေါ်လာငွေလဲလှယ် ဝယ်ယူမှုများ မြင့်တက်လျက်ရှိရာ ငွေလဲလှယ်ရန် ယခင်က ကြိုတင်မှာယူထားသူများမှလွဲ၍ ၃-၆-၂၀၂၀ ရက်နေ့ သို့မဟုတ် ၄-၆-၂၀၂၀ ရက်နေ့အထိ  အမေရိကန်ဒေါ်လာသို့ ငွေလဲလှယ်မှုများ ရှိမည် မဟုတ်ကြောင်း၊ ပုံမှန်ကာလများထက် အမေရိကန်ဒေါ်လာသို့ လဲလှယ်လိုမှုများမှာ ဟောင်ကောင်ဒေါ်လာ သန်းချီရှိကြောင်း၊ အမေရိကန်ဒေါ်လာမှာ နေရာတိုင်းတွင် ပြတ်လပ် လျက်ရှိကြောင်း၊ ဟောင်ကောင်ဒေသခံများအနေဖြင့် ပေါင်၊ ယူရိုနှင့် ဩစတြေးလျ ဒေါ်လာများကိုလည်း ဝယ်ယူကြမည်ဖြစ်ကြောင်း၊ ဟောင်ကောင်ဒေသ၌ ၂၀၁၉ ခုနှစ်ကတည်းကစတင် ဖြစ်ပွား ခဲ့သည့်အစိုးရဆန့်ကျင်ဆန္ဒပြမှုကြောင့် ဒေသခံများအနေဖြင့် နိုင်ငံခြားငွေများကို ဝယ်ယူစုဆောင်းထားကြရာ ယခုအခါ ဟောင်ကောင်ဒေသ၏ စီးပွားရေးမှာမသေချာမှုများ ရှိနေသောကြောင့် ယခုသီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာဝယ်ယူမှုများ ပိုမိုမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဟောင်ကောင်ဒေါ်လာမှာ ၁၉၈၃ ခုနှစ်မှ စတင်၍ အမေရိကန်ဒေါ်လာနှင့် ချိတ်ဆက်လျက်ရှိပြီး ငွေလဲလှယ်မှုများအတွက် အမေရိကန်အစိုးရဆီမှ အတည်ပြု ချက်ရယူရန် မလိုအပ်ကြောင်း၊ အမေရိကန် (၁) ဒေါ်လာလျှင် ဟောင်ကောင်‌ဒေါ်လာ (၇.၇၅) မှ (၇.၈၅) အထိရှိကြောင်း၊ ဟောင်ကောင်၏ အကြီးဆုံးဘဏ် တစ်ခုဖြစ်သည့် HSBC ဘဏ်၏ အလို အလျောက် ငွေထုတ်ယူစက်များတွင် အမေရိကန်ဒေါ်လာများ ပြတ်လပ်သွားကြောင်း၊ သုံးစွဲသူများ အဆင်ပြေစေရန် HSBC မှ ဟောင်ကောင်ဒေသတွင် ငွေကြေးစနစ် အဆင်ပြေချောမွေ့အောင် ပံ့ပိုးကူညီဆောင်ရွက်ပေးမည်ဟု ကတိပေး ပြောကြားခဲ့ကြောင်း ၂၀၂၀ ပြည့်နှစ်၊ မေလ ၃၀ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Brain Wong က “US Dollars run out as residents rush to change money ” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: International News